flower

မြန်မာမိန်းမငယ်လေးများအား ယုံကြည်ချက်ရှိသောအမျိုးကောင်းသမီးများ
ဖြစ်လာစေရန် ကူညီပေးခြင်း

ကျွန်မတို့အဖွဲ့အစည်းဟာမြန်မာအမျိုးသမီးငယ်များရဲ့
ရာသီသွေးနဲ့ပတ်သတ်တဲ့ ကျန်းမာရေး
ထိန်းသိမ်းစောင့်ရှောက်မှုကို မြှင့်တင်ပေးတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ဒီလိုမြှင့်တင်ပေးခြင်းအားဖြင့် သူတို့ရဲ့ စိတ်ဓါတ်ရေးရာအရရော  ခန္ဓာပိုင်းဆိုင်ရာအရမှာပါ သူတို့စွမ်းရည်ရှိသလောက် ကြိုးစားနိုင်တဲ့ အလားအလာတွေ ရှိလာဖို့ ရည်ရွယ်ပါတယ်။

၅၀% သော မြန်မာအမျိုးသမီးငယ်လေးတွေဟာ ရာသီသွေးဆင်းမှုကို ရောဂါတစ်ခုလို သဘောထားနေကြပါတယ်။

၇၀% သောအမျိုးသမီးငယ်လေး
တွေကတော့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကိုသုံးသင့်တဲ့

အချိန်ထက်နှစ်ဆလောက်ကြာအောင်ကိုသုံးနေကြတာကို

တွေ့ရပါတယ်။

၂၄% သော အမျိုးသမီးငယ်လေးတွေမှာဆိုရင်ကူးစက်ရောဂါဖြစ်နိုင်တဲ့ လက္ခဏာတွေတောင် တွေ့ရပါတယ်။

၇၇% သော သမီးငယ်လေးများကတော့
ပထမဆုံးရာသီသွေးဆင်းတဲ့အချိန်မှာ ရှက်တယ်ဆိုတဲ့ခံစားချက်မျိုးဖြစ်တယ်လို့ ဝန်ခံထားပါတယ်။

(ယခုတွေ့ရှိချက်သည် မကွေးမြို့ရှိ အပျိုဖော်ဝင်စအမျိုးသမီးငယ် ၇၆၅ ယောက်ကို စစ်တမ်းကောက်မေးမြန်းထားခြင်းဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် Burnet Institute and Wateraid မှ မကွေးမြို့ရှိ ဘုန်းကြီးကျောင်းပညာရေးများအတွက် ပျိုဖော်ဝင်စအရွယ်မျိုးပွားခြင်းအသိပညာ မြှင့်တင်ခြင်း၊ ပညာရေးနှင့် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ချက်များမှ ကောက်နုတ်ချက်ဖြစ်သည်။)

ဘာလို့ဒီလိုတွေဖြစ်ရသလဲ။

ဒီလိုပြဿနာတွေဟာ ရာသီသွေးဆင်းခြင်းနဲ့ ပတ်သတ်ပြီး အသိပညာနည်းပါးမှုကြောင့်နဲ့ ထုံးထမ်းစဉ်လာအရ ဒီကိစ္စဟာမကောင်းဘူးလို့ အရိုးစွဲနေတာကစဖြစ်တာကို တွေ့ရပါတယ်။ ရာသီသွေးကို ညစ်ပတ်တယ်၊ ရှက်စရာကောင်းတယ်၊ ဒါကိုဖုံးကွယ်မှလူတွေကလက်ခံမယ်လို့ ယူဆကြပါတယ်။ ဒီခံယူချက်ဟာ မြန်မာအမျိုးသမီးများရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေပြီး ပညာရေးပိုင်းမှာတင်မက လုပ်ငန်းခွင်မှာပါ နှောင့်နှေးမှုတွေဖြစ်စေပါတယ်။ ဒါ့အပြင် အမျိုးသမီးများရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ကိုရော ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားခြင်းကိုပါ လျော့ကျလာစေတာကြောင့် ပတ်ဝန်းကျင်မှာ လူဝင်ဆန့်ဖို့ရာ အခက်အခဲတွေရှိလာနိုင်ပါတယ်။

အမျိုးသမီးများ ရာသီသွေးဆင်းခြင်းဟာ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ ကဏ္ဍနိမ့်ကျရခြင်း  အကြောင်းအရာထဲက တစ်ခုဖြစ်နေပါတယ်။ ကျွန်မတို့ရဲ့ ပန်းကလေး အဖွဲ့အစည်းကတော့ ဒီယူဆချက်ကို ပြောင်းလဲနိုင်အောင် ကြိုးစားသွားမှာပါ။

“အမျိုးသမီးများ ရာသီသွေးဆင်းခြင်းဟာ နိမ့်ကျခြင်းအတွက်တရားခံမဟုတ်သော သဘာဝဆန်တဲ့ သန့်စင်ခြင်းဖြစ်တယ်၊ မြန်မာအမျိုးသမီးတွေရာသီသွေးဆင်းချိန်မှာ ကျန်းမာစေဖို့၊ ဂုဏ်သိက္ခာမညှိးငယ်စေဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိရှိနဲ့ ဖြတ်သန်းနိုင်စေဖို့ ရာသီသွေးနဲ့ပတ်သတ်ပြီး ကျန်းမာရေးအသိတွေ ရှိဖို့လိုတယ်၊ ပံ့ပိုးပေးဖို့လိုတယ်လို့ ကျွန်မတို့ ပန်းကလေးက ယုံကြည်ပါတယ်။”

–  Henriette Ceyrac, ပန်းကလေးစီမံကိန်း တည်ထောင်သူ

smile_girl

ကျွန်မတို့ရဲ့ တည်ထောင်သူ TEDx ရဲ့ ရာသီသွေးပေါ်ခြင်းခေါင်းစဉ်နဲ့ ဟောပြောထားတဲ့ ဗွီဒီယိုဖိုင်ကို ကြည့်ရှုပါ

သတင်းအသစ်ယူရန်