ကျမတို့အဖွဲ့အစည်းဟာ ရာသီလာခြင်းအပေါ်အဓိကထားလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး အဖွဲ့အစည်းပါ
ရာသီလာခြင်းနဲ့ပတ်သက်ပြီး သုတေသနလုပ်ငန်းတွေ၊ အသိပညာမြင့်တင်ရေးတွေ၊ ပညာရေးအတွက် အထောက်အကူပြုပစ္စည်းလေးတွေကို ကျမတို့အဖွဲ့အစည်းက ပြုလုပ်လျက်ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ လူမှုအဖွဲ့အစည်းထဲမှာ ရာသီလာခြင်းကို ပုံမှန်အဖြစ် သတ်မှတ်ဖို့၊ မိန်းကလေးငယ်လေးတွေနဲ့ အမျိုးသမီးတွေရဲ့ အလားအလာတွေကို ပိတ်ပင်ကန့်သတ်နေတဲ့ လူမှုစံနှုန်းတွေကို ပြောင်းလဲဖို့ ကျမတို့ လုပ်ဆောင်လျက်ရှိပါတယ်