ပန်းကလေးတွင်ပါဝင်ကြသူများ

henriette_portraits_high_res-38 - copie

Henriette Ceyrac

ပန်းကလေးစီမံကိန်း တည်ထောင်သူ

Henirette Ceyrac ကတော့ ပန်းကလေးကို တည်ထောင်သူဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ ရာသီသွေးနဲ့ပတ်သတ်တဲ့ ကျန်းမာရေးတိုးတက်လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတဲ့ လူမှုစီးပွားလုပ်ငန်းရှင်တစ်ဦးဆိုလည်း မမှားပါဘူး။

သူ()ဟာ ပြင်သစ်လူမျိုးဖြစ်ပြီးတော့ Europe Business School (ESCP) ကနေ စီမံအုပ်ချုပ်ရေးမဟာဘွဲ့ကို ရရှိထားပါတယ်။ လန်ဒန်မြို့ရှိ Unilever ရုံးချုပ်မှာ ခြောက်နှစ်ခန့် လူမှုရေး အကျိုးပြု စီမံကိန်းတွေကို အဓိကလုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ရန်ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံကို ပြောင်းရွှေ့ခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ iNGOs Living Goods and PSI မှာ ကျန်းမာရေးအဖွဲ့အစည်း ကိုယ်စားလှယ်များကို စီမံခန့်ခွဲသူအဖြစ်နဲ့ ကူညီခဲ့ပါတယ်။

အဆိုပါရာထူးနဲ့ လုပ်ကိုင်ဆဲမှာပဲ မြန်မာနိုင်ငံလူဦးရေရဲ့ အများဆုံးဖြစ်တဲ့ အမျိုးသမီးတွေမှာမှ ၁၅ သန်းသော အရွယ်ရောက်ပြီး အမျိုးသမီးများဟာ ရာသီသွေးဆင်းခြင်းကို ကိုင်တွယ်စီမံတဲ့ အခြေခံကျန်းမာရေးအသိ နည်းပါးနေတာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ပတ်ဝန်းကျင်ကြောင့်ရော ရှေးရိုးစွဲထုံးတမ်းဓလေ့တွေကြောင့်ပါ ရာသီသွေးနဲ့ ပတ်သတ်ပြီးဖိနှိပ်ခံရမှုတွေ ရှိနေပါတယ်။

ဒါကြောင့်ပဲ ပျိုဖော်ဝင်စ မိန်းမငယ်လေးများနဲ့ အရွယ်ရောက်ပြီး အမျိုးသမီးများကို လိုအပ်သော ပညာရေးအသိ၊ အသုံးပြုသင့်သော ရာသီသွေးဆင်းခြင်းနှင့်ဆိုင်ရာထုတ်ကုန်များနဲ့ ရာသီသွေးဆင်းခြင်းရဲ့ ကောင်းကျိုးများကို မျှဝေပေးဖို့ ၂၀၁၈ ခုနှစ်မှာ ပန်းကလေးကို စတင်တည်ထောင်ခဲ့ပါတယ်။

ခိုင်လင်းခန့်

စီမံကိန်းတာဝန်ခံ

လင်းကတော့ ပန်းကလေး၏ Project Officer တစ်ယောက်ပါ။ သူမကတော့ ၂၀၁၈ခုနှစ်တွင် ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်စာဂုဏ်ထူးတန်းဖြင့် အောင်မြင်ခဲ့ပြီး အချိန်ပိုင်းသင်ကြားရေးဆရာမအနေဖြင့်သော်လည်းကောင်း၊ စကားပြန်အနေဖြင့်သော်လည်းကောင်း၊ လက်တွေ့အသုံးချဥပဒေပညာရေးအတွက်ဆောင်ရွက်သော အဖွဲ့အစည်းဖြစ်သည့် BABSEACLE ၏ Programme Assistantအနေဖြင့်သော်လည်းကောင်း၊ ပဉ္စရသ၏ အမုန်းစကားမပြန့်ပွားရေးကိုရည်ရွယ်သော စကားအလှကုထုံးအနုပညာပြပွဲတွင်လည်းကောင်း လုပ်ကိုင်ခဲ့ပါတယ်။ သူမဟာ မျိုးဆက်သစ်များတိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီရန်ဆန္ဒပြင်းပြသောကြောင့် ဆယ်ကျော်သက်များ၊ လူငယ်များအားပညာပေးခြင်း နှင့် ရာသီလာခြင်းနှင့်ပတ်သက်သောအပြုသဘောဆောင်သည့်တန်ဖိုးများ မြှင့်တင်ခြင်းလုပ်ငန်းများတွင် ပါဝင်ကူညီရန်လည်း စိတ်အားထက်သန်တဲ့သူတစ်ယောက်ပါ

ဆုမျက်သွယ်ထွေး

ဆက်သွယ်ရေးတာဝန်ခံ

ဆုမျက်ကတော့ ပညာရေးလမ်းကြောင်းပေါ်မှာ တီထွင်ဆန်းသစ်မှုအပြည့်ရှိတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမဟာ လူသားများအားလုံးကို ကျားမခွဲခြားမှုမရှိဘဲ တူညီသော စွမ်းဆောင်ရည်များရှိသည်ဟု ယုံကြည်ထားပြီး တန်းတူညီမျှမှုရှိရေးကို လွန်စွာမှ စိတ်အားထက်သန်သူတစ်ယောက်ဖြစ်ပါတယ်။ ဆုမျက်လို့ပြောလိုက်တာနဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ယုံကြည်မှုတို့ အမြဲပြည့်နေတဲ့ သူတစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး မိန်းကလေးများရဲ့ စွမ်းဆောင်ရည်မြင့်တက်လာစေဖို့အတွက် သူမရဲ့အသိပညာတွေ၊ ဘဝအတွေ့အကြုံတွေကို မမောနိုင်မပန်းနိုင်မျှဝေပေးတတ်သူလည်းဖြစ်ပါတယ်။

သူမဟာ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးထုစွမ်းဆောင်ရည်မြင့်မားရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “ပျိုမေတို့ရဲ့ကမ္ဘာ(For Her)”မှာ content writer အနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ နံမည်ကြီးအလှအပတံဆိပ်လုပ်ငန်းမှာ သင်တန်းပေးခြင်းနဲ့ လုပ်ငန်းဖွံဖြိုးရေးအပိုင်းမှာ အဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။

ယခုတွင် “So What?!”အွန်လိုင်းအဖွဲ့အစည်းကို စီမံကွပ်ကဲနေပြီး ရာသီလာခြင်းနဲ့ပတ်သက်တဲ့ ပညာပေးခြင်း၊ အယူအဆအလွဲများကို တွန်းလှန်တည့်မတ်ပေးခြင်းတွေ လုပ်ဆောင်နေပါတယ်။

ဒေါက်တာ နှင်းစုစုခိုင်

အကြံပေး

ဒေါက်တာ နှင်းစုစုခင်ကတော့ မြန်မာ့လူထုကျန်းမာရေးကျွမ်းကျင်အဆင့်ရှိသူပါ။ iNGOs PSI & Medicins Sans Frontieres မှာ ကျန်းမာရေးသင်တန်းကို ၁၀နှစ်ကျော်ခန့် လေ့ကျင့်ရေးဆင်းခဲ့ပြီး PSI Myanmar မှ ရပ်ရွာကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့အစည်းကို ဦးစီးခဲ့ပါတယ်။ သူ()ရဲ့ တာဝန်တွေကတော့ လူမှုကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်းပုံစံများအား ကြီးကြပ်ပေးခြင်း၊ အဖွဲ့အစည်းအား ဦးဆောင်ခြင်း၊ ပုဂ္ဂလိကအလှူရှင်များနှင့် ချိတ်ဆက်ခြင်း၊ သုတေသနပြုလုပ်ခြင်းနှင့် စီမံကိန်းများ စစ်ဆေးပေးခြင်းတို့ပဲ ဖြစ်ပါတယ်။

သူ()က ပန်းကလေး စီမံကိန်း၏ ဒီဇိုင်းရေးဆွဲခြင်းနဲ့ စီးပွားရေးတိုးတက်မှုပိုင်းများတွင် နည်းပညာအကြံပေးအဖြစ် ပါဝင်လှုပ်ရှားနေပါတယ်။