The SPRING ဟာ နိုင်ငံတကာစီမံကန်းတစ်ခုဖြစ်ပြီး အမျိုးသမီးများ၏အကျိုးအတွက် လှုပ်ရှားနေသော စီမံကိန်းတစ်ခုဖြစ်ပါတယ်။ Springအဖွဲ့အစည်းမှ ကျွမ်းကျင်ပညာရှင်များအဖွဲ့က ပန်းကလေးရဲ့ သုတေသနလုပ်ငန်းများ၊ ဒီဇိုင်းပိုင်းအတွက်စီစဉ်ရေး၊ လုပ်ငန်းများအစီအစဉ်ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ရေး၊ လုပ်ဆောင်ချက်တွေအတွက် အကဲဖြတ်လေ့လာခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ရန်ပုံငွေထည့်ဝင်ထောက်ပံ့ပေးသူများကတော့ ယူကေနိုင်ငံမှ DFID, USAIDနဲ့ သြစတေးလျနိုင်ငံမှ DFATအစရှိတဲ့ အဖွဲ့အစည်းများပဲ ဖြစ်ပါတယ်။