ပန်းကလေးအဖွဲ့အစည်းစတင်ကာစတုန်းက မြန်မာနိုင်ငံမှာ ရာသီလာကျန်းမာရေးအကြောင်းအရာနဲ့ပတ်သက်ပြီး အချက်အလက်အများကြီး မရနိုင်သေးပါဘူး။ အလှူ့ရှင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ကျမတို့ပန်းကလေးဟာ အချက်အလက်တွေ အမြင်တွေကို တစ်စုတစ်စည်းတည်းစုဆောင်းနိုင်အောင် သုတေသနတွေပြုလုပ်ခဲ့ကြပါတယ်။
- မိန်းကလေးငယ်တွေ သူတို့ရဲ့မိခင်တွေနဲ့ တစ်ဦးချင်းတွေ့ဆုံမေးမြန်းမှု ၂၉ ခု နဲ့ အဖွဲ့လိုက်တွေ့ဆုံဆွေးနွေးမှု ၂၆ ခု ပြုလုပ်ခဲ့ပါတယ်။
- ယောက်ျားလေးတွေနဲ့ အဖွဲ့လိုက်တွေ့ဆုံဆွေးနွေးမှု ၈ ခု၊ တစ်ဦးချင်းတွေ့ဆုံမေးမြန်းမှု ၈ ခု ပြုလုပ်ခဲ့ပါတယ်
- ရန်ကုန်မှာ အမျိုးသမီးငယ် အယောက် ၂၀၀ နဲ့ ရာသီလာခြင်းအပေါ် ၎င်းတို့၏အမြင်များကို စစ်တမ်းကောက်ယူခဲ့ပါတယ်။
- ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့က တိုင်းရင်းသားတွေကိုလည်း လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။
- ကမ္ဘာကုလသမဂ္ဂရန်ပုံငွေများအဖွဲ့နှင့်လက်တွဲ၍ မြန်မာနိုင်ငံရှိ ရာသီလာကျန်းမာရေးအတွက်အလုပ်လုပ်နေကြသူများအားလုံးကို ၎င်းတို့စီမံကိန်းများအကြောင်းစစ်တမ်းကောက်ယူခဲ့ပါတယ်။