အရွယ်ရောက် အမျိုးသမီးတစ်ယောက်ဖြစ်လာခြင်းဆိုတာ မိန်းမငယ်လေးတစ်ယောက် ရာသီသွေးစဆင်းချိန်ပါ။
ဒီအချိန်ကစလို့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ နေရာဟာ
နောက်ပို့ခြင်းခံရတာပါပဲ။ ရာသီသွေးစဆင်းခြင်းဆိုတဲ့ အခြေအမေနဲ့အတူ ကန့်သတ်ချက်တွေ၊ တားမြစ်ချက်တွေ တန်းပါလာပြီး သိမ်ငယ်စိတ်တွေဖြစ်လာဖို့ ဖိအားတွေဖြစ်လာပါတယ်။
ဒါဟာမဖြစ်သင့်တဲ့ ကိစ္စရပ်လို့ ယုံကြည်ပါတယ်။